• University of Teaching

    မင်္ဂလာပါ။

    သင်ကြားရေးအတတ်ပညာတက္ကသိုလ်မှကြိုဆိုပါသည်။

    ကြားကာလ (သို့မဟုတ်) အသွင်ကူးပြောင်းရေးကာလတွင် ပညာရေးဘွဲ့ ပထမနှစ်၊ သင်တန်းကိုတက်ရောက်ကြမဲ့ ကျောင်းသားကျောင်းသူများ အတွက် ရည်ရွယ်လျက် သင်ယူမှုအစီအစဉ်-Virtual Learning Platform တစ်ခု ကို ပြင်ဆင်ဆောင်ရွက်ထားပါသည်။

    ဤသင်ယူမှုအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူမှု (Self-Study) ပုံစံအဖြစ် စီစဉ်ထားပါသည်။ ဘာသာရပ်များအားလုံးတွင်သင်ယူလေ့လာရမည့် course books များ၊သင်ခန်းစာ Power Point များ၊ Recorded video များ တတ်မြောက်မှုကိုစစ်ဆေးသည့်လေ့ကျင့်ဖြေဆိုရမည့်မေးခွန်းများပါရှိပါသည်။ ဘာသာရပ်တိုင်းရှိ သင်ခန်းစာများကို အနည်းဆုံး(၆၀) ရာခိုင်နှုန်းစီ ပြီးစီးမှသာ သင်ယူမှုပြီးမြောက်သည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။  

    သင်ယူလေ့လာဖြေဆိုရမည့်ဘာသာရပ်စုစုပေါင်း (၁၄) ခုရှိမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုစီ၌ သင်ယူပြီးမြောက်မှုစစ်ဆေးသော Formative & Summative Assessment Quizzes များ၊ Assignment များ၊ Forum Discussion  များ၊ Reflection Journal များပါရှိမည်ဖြစ်ပါသည်။

    စာသင်နှစ်ဝက်တစ်ခုစီတွင် ဘာသာရပ်အလိုက် Zoom Live Session များတက်ရောက်ရမည်ဖြစ်သည်။ 

    ကျောင်းသားကျောင်းသူများအနေဖြင့် မိမိနှစ်သက်မြတ်နိုးသောဆရာ့အတတ်ပညာများကို ထိရောက်အောင်မြင်စွာလေ့လာဆည်းပူးပြီး အနာဂတ်ပညာရေးကိုဦးဆောင်မည့် ဆရာကောင်းဆရာတော်များဖြစ်ကြပါစေကြောင်းမျှော်မှန်းရည်သန်ဆုမွန်တောင်းအပ်ပါသည်။