
ပထမနှစ် (ဒုတိယနှစ်ဝက်) တွင် သင်ခန်းစာ (၅) ခုကိုလေ့လာသင်ယူရမည်ဖြစ်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီးတွင် ပါဝင်သောခေါင်းစဉ်ခွဲများ အလိုက် (PowerPoint, Video, Quiz ) များကိုထည့်သွင်းပေးထားပါသည်။ PowerPoint, Video နှင့် Quiz တို့ကို တစ်ခုချင်း အတွက် လေ့လာသင်ယူ ဖြေဆိုပြီးပါက Mark as done ကို နှိပ် ၍ နောက် တစ်ခုကို ဆက်လက် သင်ယူ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ပညာရေးဘာသာရပ်၏ Unit တစ်ခုစီတွင် AFL ( သင်ယူမှုအတွက်စစ်ဆေးအကဲဖြတ်ခြင်း) နှင့် AoL (သင်ယူမှုကိုစစ်ဆေးအကဲဖြတ်ခြင်း) အတွက် Quizzes, Forum နှင့် Assignment တို့ ပါဝင်ပါသည်။ Unit အားလုံးလေ့လာသင်ယူ ဖြေဆိုပြီးပါက Participation အတွက် သတ်မှတ်ထားသော ပေးမှတ်ကိုရရှိပါမည်။