Welcome to Primary Teachership Course

သင်ကြားသင်ယူမှုပုံစံ

သင်တန်း၏ သင်ကြားသင်ယူမှုပုံစံမှာ Moodle LMS နှင့် Zoom Live Session တို့ ပေါင်းစပ်သင်ကြားမည့်  Hybrid Model ဖြစ်ပါသည်။

သင်တန်းသားများသည် သင်ခန်းစာများကို Moodle LMS တွင် (Videos, Power Point Lessons ) များကို ကိုယ်တိုင်သင်ယူနှုန်း(self-paced)ဖြင့် ကိုယ်တိုင်သင်ယူလေ့လာ (self -study) ပြီးစီးရမည်ဖြစ်ပြီး သင်ယူမှုလုပ်ငန်းများဖြစ်သည့် (Forum, Quizzes, Assignments) ဖြေဆိုခြင်းတို့ကိုလုပ်ဆောင်ရမည်ဖြစ်သည်။

Moodle LMS တွင်ဦးစွာကိုယ်တိုင်သင်ယူလေ့လာပြီးသောသင်ခန်းစာများကို အပတ်စဥ်  ကြာသပတေး၊သောကြာ၊ စနေ နေ့များတွင် နေ့လည် (၁၂း၃၀ မှ ၃း၄၀) အထိ တစ်ရက်လျှင် (၂) ဘာသာ Zoom Live Sessionတွင်ဆရာ/ဆရာမများထံမှ အနီးကပ်လေ့လာသင်ယူရမည်ဖြစ်ပါသည်။ 

ဘာသာရပ်စုစုပေါင်း (၁၁) ခုသင်ယူရမည်ဖြစ်ပြီး ထိုဘာသာရပ်များကို  သင်ယူရမည့်သဘောသဘာဝအရ ( Foundation of Education, Foundation in Teaching Methodology, Applied Art in Education) ဟူ၍ အမျိုးအစား (၃) မျိုးခွဲခြားထားပါသည်။ 

ဘာသာရပ် (၁၁) ခုလေ့လာသင်ကြားမှုပြီးစီးသည့်အခါ လက်တွေ့တန်းပြဘာသာရပ် (Practicum) ကိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။