
ပညာရေးသဘောတရားဘာသာရပ်သည် ဆရာတစ်ဦးအနေဖြင့် သိသင့်သိထိုက်သော ပညာရေး အတွေးအခေါ်များ၊ ၂၁ရာစုကျွမ်းကျင်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ သဘောသဘာဝ၊ ဖွဲ့စည်းပုံများနှင့် သင်ခန်းစာပြင်ဆင်ပုံစသည့် အကြောင်းအရာများပါဝင်သော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ PTC Batch 4 သင်တန်းသားဆရာ၊ဆရာမများအားလုံး သင်ခန်းစာများကို Moodle LMS တွင်ကြိုတင်လေ့လာကြရန်လိုအပ်ပါသည်၊ Moodle LMS တွင်ကြိုတင်လေ့လာပြီး Zoom Class စာသင်ချိန်တွင် သင်ခန်းစာနှင့်ပတ်သက်သည့် နားလည်ရှင်းလင်းရန်လိုအပ်သည်များကို ဆွေးနွေးမေးမြန်းကြရန်တိုက်တွန်းပါသည်။

ပညာရေးစိတ်ပညာ ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူများ မည်သို့သင်ယူသည့်အကြောင်း၊ ကလေးများ၏ စိတ်ကျန်းမာရေး ကောင်းမွန်စေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကလေးဖွံ့ဖြိုးမှုနှင့် ပြုစုပျိုးထောင်ရမည့် နည်းလမ်းများ၊ သင်ယူသူတို့၏ ဉာဏ်ရည်အမျိုးမျိုးရှိပုံနှင့် သင်ယူပုံသင်ယူနည်းများ ၊ ကျောင်းသားများအလေ့အကျင့်ကောင်းများရရှိစေရန် ဆောင်ရွက်နိုင်သည့်နည်းလမ်းများ၊ သင်ယူသူ တစ်ဦးတစ်ယောက်ချင်းစီ ၏ မှတ်ဉာဏ် ခြားနားမှု အရ မှတ်မိအောင်သင်ကြားနည်းများအကြောင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းများအကြောင်း ပါဝင်ပါသည်။ PTC Batch 4 သင်တန်းသားဆရာ၊ဆရာမများအားလုံး သင်ခန်းစာများကို Moodle LMS တွင်ကြိုတင်လေ့လာကြရန်လိုအပ်ပါသည်၊ Moodle LMS တွင်ကြိုတင်လေ့လာပြီး Zoom Class စာသင်ချိန်တွင် သင်ခန်းစာနှင့်ပတ်သက်သည့် နားလည်ရှင်းလင်းရန်လိုအပ်သည်များကို ဆွေးနွေးမေးမြန်းကြရန်တိုက်တွန်းပါသည်။