Educational Theory

ပညာရေးသ‌ဘောတရားဘာသာရပ်သည် ဆရာတစ်ဦးအနေဖြင့် သိသင့်သိထိုက်သော ပညာရေးအတွေးအခေါ် များ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ သဘောသဘာဝနှင့် ဖွဲ့စည်းပုံ၊ အတန်းတွင်းသင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆရာတစ်ဦးတွင်ရှိသင့်ရှိထိုက်သော ကျင့်ဝတ် သိက္ခာများရရှိနိုင်မည့် အကြောင်းအရာများ ပါဝင်ပါသည်။ ထို့အပြင် ယနေ့မျက်မှောက်ခေတ်တွင် မရှိမဖြစ်လိုအပ်သော ပညာရေးနည်းပညာများ၊ ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်းအရာများကို သိရှိနားလည်ပြီး ပြန်လည်အသုံးချတတ်ရန်လည်း ရည်ရွယ်သင်ကြားပါမည်။ သင်ယူချိန်နာရီများတွင် assessment/ project ပြုလုပ်ချိန်နာရီများကိုလည်း ထည့်သွင်းရေတွက်သွားမည် ဖြစ်ပါသည်။
  • ပညာရေးစိတ်ပညာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူများ မည်သို့သင်ယူသည့်အကြောင်း၊ သင်ယူသူ တစ်ဦးတစ်ယောက်ချင်းစီ၏ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြားနားမှုများနှင့် ညှိမှုလွဲမှားသောကလေးများကို ကူညီလမ်းညွှန်နိုင်မည့်နည်းလမ်းများ၊ မှတ်ဉာဏ်ဖွဲ့စည်းမှုများနှင့် မှတ်မိအောင်သင်ကြားနည်းများ၊ သင်ကြားသင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်းအကြောင်းများပါဝင်ပါသည်။ ယင်းဘာသာရပ် သင်ကြားရခြင်းဖြင့် သင်ယူသူများသည် လူတစ်ဦးချင်းအလိုက်ကိုယ်ရည်ကိုယ်သွေးကွဲပြားခြားနားမှုအရ သင်ကြားပေးနိုင်မည့်နည်းလမ်းများနှင့် သင်ယူတတ်မြောက်မှုများကို စစ်ဆေးအကဲဖြတ်တတ်ရန်ဖြစ်ပါသည်။ သင်ယူချိန်နာရီများတွင် Assignment ပြုလုပ်ချိန်နာရီများကိုပါ ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ပါသည်။