Welcome to the Second Year Teacher Education Classes!

ကြားကာလ (သို့မဟုတ်) အသွင်ကူးပြောင်းရေးကာလတွင် CDM ပြုလုပ်နေကြသော ပညာရေးဒီဂရီကောလိပ် DTEd ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများ သင်ယူမှုအခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်လျက် သင်ယူမှုအစီအစဉ်-Virtual Learning Platform တစ်ခု ကို ပြင်ဆင်ဆောင်ရွက်ထားပါသည်။  ဤသင်ယူမှုအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူမှု (Self-Study) ပုံစံဖြစ်အောင် စီမံထားပါသည်။ ဘာသာရပ်များအားလုံးတွင်သင်ယူလေ့လာရမည့် course books များသင်ခန်းစာ Power Point video များ တတ်မြောက်မှုကိုစစ်ဆေးသည့်လေ့ကျင့်ဖြေဆိုရမည့်မေးခွန်းများပါရှိပါသည်။ ဘာသာရပ်တိုင်းရှိ သင်ခန်းစာများကို အနည်းဆုံး(၆၀) ရာခိုင်နှုန်းစီ ပြီးစီးမှသာ သင်ယူမှုပြီးမြောက်သည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။  အကယ်၍ သတ်မှတ်ထားသော အမှတ် မပြည့်မီပါက ထပ်ကျော့ ပြန်လေ့လာနိုင်ပြီး ၊ သတ်မှတ်ထားသောအမှတ်ရာနှုန်းပြည့်မီအောင် ကြိုးစားနိုင် ရန်လည်း စီစဉ်ထားပါသည်။ တော်လှန်ရေးကာလတွင် အကြောင်းအမျိုးမျိုးကြောင့် Online အသုံးမပြုနိုင်သေးသူများရှိနိုင်သောကြောင့် မိမိအဆင်ပြေသည့်အချိန်တွင် ဝင်ရောက်လေ့လာ ဆောင်ရွက်ရန်ရည်ရွယ်၍ သင်ယူခြင်းအစီအစဉ်ပြီးဆုံးရမည့်ကာလ (Deadline) ကို သတ်မှတ်ထားခြင်းမရှိပါ။

**** အိမ်တွင်းမှုသိပ္ပံ ဘာသာနှင့် စက်မှုလက်မှုပညာ ဘာသာ များကို မိမိတို့ ပထမနှစ်ဝက်တက်ရောက်စဉ်ကအတိုင်းရွေးချယ်သင်ယူရန်ဖြစ်ပါသည်။

မှတ်ချက်။  ။ Moodle တွင်လေ့လာသင်ယူပြီးသောကျောင်းသား၊ကျောင်းသူများအနေဖြင့် လက်တွေ့တန်းပြ( Practicum) ကို Zoom session ဖြင့်ဆောင်ရွက်ပြီးစီးပါက ကြားကာလပညာသင်ကြားရေးကိုအကောင်အထည်ဖော်ဆောင်နေသောနွေဦးဆရာအတတ်သင်တက္ကသိုလ် (SNU)တတိယနှစ်(ပထမနှစ်ဝက်)(3-1 course) ကိုဆက်လက်သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။


⭐⭐⭐⭐⭐