မြန်မာစာ(သင်ပြနည်း)

📢 မြန်မာစာသင်ပြနည်း ဘာသာရပ်တွင် သင်တန်းသူသင်တန်းသား ဆရာ၊ ဆရာမလောင်းများအနေဖြင့် မိမိတို့လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ အမှန်တကယ်အသုံးချရမည့် သင်နည်းဗျူဟာများနှင့် ကလေးများ၏ အတန်းအလိုက် ကျွမ်းကျင်မှု လေးမျိုးကို မည်ကဲ့သို့ သင်ကြားလေ့ကျင့်ပေးသင့်ကြောင်း အစရှိသည့် သင်နည်းများအကြောင်းကို အလယ်တန်းဆင့် သင်ရိုးသစ်နှင့် ချိတ်ဆက်၍ ပို့ချထားပါသည်။ ကလေးမျာ၏ သင်ယူရရှိမှုကို မည်ကဲ့သို့ စစ်ဆေးအကဲဖြတ်သင့်ကြောင်း၊ ကလေးများ သင်ခန်းစာအပေါ် စိတ်ပါဝင်စားမှုရှိအောင် ဘာကို အသုံးပြုပြီး သင်ကြားပေးသင့်ကြောင်းကိုလည်း ဆွေးနွေးပို့ချထားပါသည်။  တဆက်တည်းမှာပဲ လက်ရှိပြောင်းလဲထားသော မြန်မာစာသင်ရိုးသစ်နှင့် ပတ်သက်၍ ဆရာလမ်းညွှန်အသုံးပြုပုံ၊ ဘာသာရပ်ဖွဲ့စည်းပုံတို့ကိုလည်း လုပ်ငန်းခွင် မဝင်ခင် ကြိုတင်သိရှိထားနိုင်ရန် မိတ်ဆက်အနေနဲ့ တင်ပြဆွေးနွေးထားပါသည်။ 

English Language Teaching

Course Description

Develop knowledge, skills, and attitudes in teaching English and learn how to use the latest methods and techniques to support students to become effective communicators in English. 

Course Objectives

This course intends to promote 21st-century skills like collaboration, communication, problem solving, and critical thinking. The course will also support student teachers in improving their English proficiency level, encouraging them in their future career and professional development. The content of the course includes components on language skills, teaching skills, and language testing. This course would bring a chance to pursue students' learning.


အလယ်တန်းဆင့်သင်္ချာဘာသာရပ်ကိုသင်ကြားနိုင်ရန်အတွက် ဆရာတစ်ဦးတွင်လိုအပ်သည့် အသိသညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများကို လေ့လာနိုင်မည်ဖြစ်သည်။

ဒုတိယနှစ်သိပ္ပံဘာသာသင်ပြနည်းကို  လေ့လာသင်ယူပြီးသည့်နောက်သင်တန်းသားဆရာများအနေဖြင့်
😉အလယ်တန်းဆင့် ကလေးများအားစနစ်ကျသော အလေ့အကျင့်ကောင်းများပေးနိုင်ခြင်း
😊စနစ်ကျသော ကျောင်းသားဗဟိုပြုသင်ပြမှုပုံစံကိုကျွမ်းကျင်စွာ ပြင်ဆင်ပေးနိုင်ခြင်း
😍ကျောင်းသားများ ၏ သင်ယူတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ် ပြန်လည်ဖြည့်စွက်ပေးနိုင် ခြင်း
🤩သိပ္ပံခန်းသုံးပစ္စည်းများ၏ အရေးပါပုံနှင့် မည်သို့ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း နားလည်လာနိုင်ခြင်း စသောအသိပညာများကို မိမိတို့၏လက်တွေ့ဘဝတွင် ပြန်လည်အသုံးချနိုင်လာမည်ဖြစ်ပါသည်။


ယခုအပိုင်းတွင် ဒုတိယနှစ် ဒုတိယနှစ်ဝက်၏ သင်ကြားပို့ချချက်များနှင့် သက်ဆိုင်သော ပထဝီဝင် (သင်ပြနည်း)ဘာသာရပ် ဆိုင်ရာပို့ချချက်များ ပါဝင်ပါသည်။ အခြေခံပညာ အလယ်တန်းအဆင့် ပထဝီဝင်ဘာသာ သင်ကြားရာတွင် သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများအသုံးပြုခြင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ပထဝီဝင်ဘာသာသင်ကြားရေးတွင် အသုံးပြုနိုင်သောစစ်ဆေးနည်းများ(ပထမပိုင်း)၊ အလယ်တန်းအဆင့် ပထဝီဝင်ဘာသာသင်ကြားရေးတွင် အသုံးပြုနိုင်သောစစ်ဆေးနည်းများ(ဒုတိယအပိုင်း)၊ အခြေခံပညာ အလယ်တန်းအဆင့်ပထဝီဝင်ဘာသာ သင်ကြားရန်ကြိုတင်ပြင်ဆင်ခြင်း (သင်ပြမှုပုံစံ ရေးသား ခြင်း) နှင့် အလယ်တန်းအဆင့် Life skills (ဘဝတွက်တာအကျွမ်းကျင်စရာ) ဘာသာ သင်ကြားသူများ သိရှိထားရမည့် အချက်များစသည့် ပို့ချချက် (၄)ခု ပါဝင်ပါသည်။

ယင်းပို့ချချက်များသည် အလယ်တန်းဆရာ တစ်ယောက်အနေဖြင့် အခြေခံပညာ အလယ်တန်းအဆင့် သင်ရိုးသစ်၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်စွာ  သင်ကြားပေးနိုင်ရန် လိုအပ်သောအကြောင်းအရာများ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါပို့ချက်တစ်ခုစီတိုင်းတွင် ပါဝင်သော လုပ်ငန်းပေး (Assignment နှင့် Quiz )အား မပျက်မကွက် ဖြေကြားခြင်းဖြင့် လက်တွေ့သင်ကြားရေးတွင် လိုအပ်သော အရည်အသွေးများရရှိရန်အတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ပါသည်။



သမိုင်းသင်ပြနည်း ဘာသာရပ်တွင် သင်တန်းသား/သူများအနေဖြင့် သမိုင်းဘာသာသင်ကြားရေးတွင် သင်ကြားသင်ယူမှု အထောက်ကူပြုပစ္စည်းများ ထိရောက်စွာအသုံးပြုတတ်ရန်၊ သမိုင်းဘာသာရပ်တွင် အသုံးပြုနိုင်သောစစ်ဆေးခြင်းများ (စစ်ဆေးအကဲဖြတ်ခြင်း၊ မေးခွန်းအမျိုးအစား)နှင့် သင်ပြမှုပုံစံများအားလေ့လာခြင်း စသည့် သင်ထောက်ကူအမျိုးအစားများ၊စစ်ဆေးနည်းများနှင့် သင်ပြမှုပုံစံလေ့ကျင့်ရေးသားခြင်း ထည့်သွင်းရေးဆွဲသည်။